Sunday, June 6, 2010

မြန်မာ ဟာမိုနီ ဆားဗစ်ဆက် ကုမ္ပဏီ၏ အာမခံ ငွေကိစ္စအကြောင်း

0 comments
နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက္ဖ တော်သူ ပီတာညွှန့်မောင် ဆိုသူဟာ မြန်မာ ဟာမိုနီ ဆားဗစ်ဆက် ကုမ္ပဏီရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး တစ်ဦး ဖြစ်ပြီး ပြည်ပ အလုပ်အကိုင် လိုင်စင်ကို ရထား တာကို အကြောင်း ပြုပြီး အလုပ် သင်တန်းသားတွေ ခေါ်ယူကာ ဂျပန်နိုင်ငံမှာ အလုပ်ရမယ် ဆိုကာ တစ်ဦးကို အာမခံငွေ သိန်း (၃၀) တောင်းယူ နေပါတယ်။

အခုဆိုရင် အလုပ်လုပ်လိုသူ (၁၃) ယောက်ဆီက တစ်ဦးကို သိန်း ၃၀ ဆီ တောင်းယူထားပါတယ်။ တကယ်ဆိုရင် ဒါဟာ တရား မ၀င်သော ငွေကြေး တောင်းခံမှု ဖြစ်ပြီးတော့ ယောက္ဖ ဖြစ်သူ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ အရှိန်အ၀ါနဲ့ အလုပ်သမား စုဆောင်းပြီး မတရားသော နည်းလမ်းများနဲ့  အလုပ် လုပ်လိုသူတွေ ထံက ငွေညှစ်ကာ အကျပ်ကိုင် ချုပ်ကိုင် ထားတာ ဖြစ်သလို ရရှိလာတဲ့ အာမခံ ငွေတွေကို ကိုယ်ကျိုး စီးပွား အတွက် ပြန်လည် လှည့်သုံးနေတာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးပြပြီး ဒီ အာမခံငွေတွေ ပြန်မပေး နိုင်အောင်လည်း လုပ်ဆောင် နေပါတယ်။

ဒီလုပ်ရပ်ဟာ တရား မ၀င်သလို နိုင်ငံတကာ အလုပ်သမား ရေးရာ ဥပဒေ များကိုလည်း ချိုးဖောက် နေတာ ဖြစ်ပါတယ်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အစိုးရနဲ့ ကမ္ဘာ့ အလုပ်သမား အဖွဲ့ ချူပ် (ILO) ကို တိုင်ကြား သင့်ပါတယ်။

နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက္ဖ တော်သူ ပီတာညွှန့်မောင်ရဲ့ မြန်မာ ဟာမိုနီ ကုမ္ပဏီရဲ့ လိပ်စာက
Harmony Trading Co., Ltd.
Address : No.255,G/Flr,40th St,Upper Block, KYAUKTADA,
YANGON Phone : (01) 24-0856
Email : ayekarit@cybertech.net.mm ဖြစ်ပြီး၊
ဂျပန်နိုင်ငံက JITCO လို့ ခေါ်တဲ့
Japan International Training Cooperation
(http://www.jitco.or.jp/english/engagement_sending_out/govern_my.html) Organization နဲ့ တွဲဘက် လုပ်နေတာ ဖြစ်ပါတယ်။

source by : ကိုနစ်နေမန်း

Thursday, June 3, 2010

ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ

0 comments
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

Wednesday, June 2, 2010

နာဂစ်ဒဏ်သင့်လူထု အကူအညီပေးရေး နော်ဝေး၀န်ကြီး လေ့လာ

0 comments
နော်ဝေးနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းသင့် ဒေသအချို့ကို သွားရောက်ကြည့်ခဲ့သလို ၃ ရက်ကြာခရီး ပြန်ခါနီး နာရီပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။




ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ

0 comments
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ၀န်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။




တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် စတင်

0 comments
ဒေသတွင်းခရီးလှည့်လည်နေတဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် ဒီကနေ့မှာတော့ မြန်မာနိုင်ငံကို ရောက်လာပါပြီ။

တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၆၀

0 comments
တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ယနေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်သည်။ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်အဖြစ် လာရောက်ခြင်း ဖြစ်သည်။ ၂၀၀၁ တွင် သမ္မတ ကျန်ဇီမင်း လာရောက် လည်ပတ်ပြီးသည့်နောက် ပထမဆုံး လာရောက်သော တရုတ် ထိပ်တန်း ခေါင်းဆောင်ဖြစ်သည်။

တရုတ်-မြန်မာ ဆက်ဆံရေး အနှစ် ၆၀ အတွင်း ထင်ရှားသည့် အဖြစ်အပျက်များကို ဧရာဝတီက ပြုစု ဖော်ပြလိုက်ပါသည်။

၂၀၁၀ – ဇန်နဝါရီလ ၂ ရက်နေ့တွင် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ပြီး ကုန်သွယ်ရေး၊ စွမ်းအင်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ရွေးကောက်ပွဲများ ဆွေးနွေး။

၂၀၀၁ – ဒီဇင်ဘာလတွင် တရုတ် သမ္မတ ကျန်ဇီမင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး စီးပွားရေးနှင့် နယ်စပ်ကိစ္စများအတွက် သဘောတူညီမှုများ ချမှတ်။

၁၉၉၆ – ဗိုလ်ချူပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ နဝတ၏ ခေါင်းဆောင်အကြီးအကဲ အနေဖြင့် ပထမဆုံးအကြိမ် သွားရောက်လည်ပတ်။

၁၉၉၁ – အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်ရောင်းချပေးရေး သဘောတူညီချက် တစိတ်တပိုင်းအနေဖြင့် တရုတ်လုပ် F7 ဂျက်တိုက်လေယာဉ် ၁၁ စင်း မြန်မာနိုင်ငံသို့ တရုတ်က ရောင်းချပေး။ သဘောတူညီမှုတွင် ရေတပ်ကင်းလှည့် သင်္ဘောများ၊ အမြောက်ကားများ၊ လေယာဉ်ပစ် စက်သေနတ်များ စသည်တို့ ပါဝင်။

၁၉၉၀ – အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုကို ဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်ရှိ တရုတ် သံအမတ်ကြီးက NLD ရုံးသို့ လာရောက်။ တရုတ်မှ မြန်မာနိုင်ငံသို့ လက်နက်အများအပြား သင်္ဘောဖြင့် ရန်ကုန်သို့ ပထမဆုံးအကြိမ် တင်ပို့။

၁၉၈၉ – နဝတအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးသန်းရွှေ ကိုယ်စားလှယ် ၂၄ ဦးကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၈၈ – တရုတ်နှင့် မြန်မာ ၂ နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး တရားဝင် ဖွင့်။

၁၉၈၅ - ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) သို့ ငွေကြေးနှင့် အခြား ထောက်ပံ့မှုများကို တရုတ် ဖြတ်တောက်။

၁၉၆၈ – ရှမ်းပြည်နယ်တွင် ဗကပနှင့် စစ်အစိုးရ တိုက်ပွဲများ ဖြစ်ပွားရာ ဗကပကို တရုတ်က ထောက်ပံ့ပေး။

၁၉၆၇ – ဇွန်လတွင် ရန်ကုန်၌ တရုတ်-မြန်မာ အဓိကရုဏ်း နှိမ်နင်းခံရပြီး တရုတ်လူမျိုး ၅၀ သေဆုံး။ တရုတ် ၁၃၂၈ ယောက်ကို ထိန်းသိမ်း။ ရန်ကုန်ရှိ တရုတ်သံရုံး တိုက်ခိုက်ခံရ။

၁၉၆၅ – ဗိုလ်ချုပ်ကြီး နေဝင်း တရုတ်သို့ သွားရောက်လည်ပတ်။ ၁၉၆၁ တွင် ချုပ်ဆိုခဲ့သော ငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ရေး မူ ၅ ချက်ကို ထပ်မံ အတည်ပြု။

၁၉၅၄ – တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ပထမဆုံး သဘောတူစာချုပ် ချုပ်ဆို။

၁၉၅၃ – ဇွန်လတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချူအင်လိုင်း ရန်ကုန်သို့ လာရောက် လည်ပတ်။ ဝန်ကြီးချုပ် ဦးနု တရုတ်သို့ နိုဝင်ဘာတွင် တကြိမ်၊ ဒီဇင်ဘာတွင် တကြိမ် သွားရောက် လည်ပတ်ပြီး နယ်နိမိတ် သတ်မှတ်ရေး ညှိနှိုင်း။

၁၉၅၀ – တရုတ်တွင် ကွန်မြူနစ်ပါတီ အာဏာရပြီးနောက် ကူမင်တန် တရုတ်ဖြူကို တိုက်ထုတ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံဘက်သို့ ကူမင်တန် နှစ်ထောင် ရောက်ရှိ။

၁၉၄၉ - အောက်တိုဘာ ၁ တွင် ဥက္ကဋ္ဌကြီး မော်စီတုန်းက တရုတ်ကွန်မြူနစ်ပါတီ အောင်ပွဲကို ကြေညာ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ကြေညာ။ ဒီဇင်ဘာ ၁၇ တွင် မြန်မာနိုင်ငံက တရုတ်ကို အသိအမှတ်ပြုသော ပထမဆုံး နိုင်ငံဖြစ်။

ကလေးမြို့ လေယာဉ်ကွင်း အနီးရှိ အိမ်များ ပြောင်းရမည်

0 comments
စစ်ကိုင်းတိုင်း ကလေးမြို့ လေယာဉ်ကွင်း တိုးချဲ့မည် ဖြစ်၍ လေယာဉ်ကွင်း အနီး အမှတ် (၇) ပင်လုံ ရပ်ကွက်မှ နေအိမ် ၁၅၀ ခန့်ကို ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားသည့် အတွက် ဒေသခံအိမ်ပိုင်ရှင်များ အခက်အခဲ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

ရွှေ့ပြောင်းရမည့် နေအိမ်များ အတွက် အိမ်မြေနေရာသစ်များကို မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် အိမ်ဝန်းအကျယ် တပေ ပတ်လည်အတွက် ၃၀၀၀ ကျပ်နှုန်း ပေးမည်ဟု အာဏာပိုင်များက ပြီးခဲ့သည့် စနေနေ့က လာရောက်ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။

“မပြောင်းချင်ဘူး၊ အခုက မိုးရာသီလည်းဖြစ်နေတယ်၊ ကလေးတွေကလည်း ကျောင်းတက်ရတော့မယ်၊ ပြန်ရမယ့်နေရာက လည်း ဘာမှမရှိတဲ့ တောထဲမှာ၊ သူတို့ပေးတာက ၁၅ သိန်းကနေ ၁၇ သိန်းလောက်ပဲ၊ ဒီလောက်ငွေနဲ့ ဘယ်လိုလုပ် အိမ် တလုံး ပြန်ဆောက်နိုင်မလဲ”ဟု ဒေသခံတဦးကပြောသည်။

အိမ်များရွှေ့ပြောင်းရမည့် နောက်ဆုံးရက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း ဒေသခံများကမူ ယခုနှစ် မိုးရာသီ ကုန်သည်နှင့် အပြီးရွှေ့ပြောင်းရလိမ့်မည်ဟု ပြောဆိုနေကြသည်။

ရွှေ့ပြောင်းရမည့် နေအိမ်များအတွက် အစားထိုးနေရာသစ်ကို ကလေးမြို့အနောက်ဘက် တာဟန်းတောင်ဖီလာ ရပ်ကွက် အနီးရှိ လယ်ယာမြေများတွင် ချပေးမည်ဖြစ်ရာ ဒေသခံများက မရွှေ့ပြောင်းလိုကြပေ။

လေယာဉ်ကွင်းတိုးချဲ့ရန် ၂၀၀၇ ခုနှစ်ကတည်းက စီစဉ်နေပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်းမှူးနှင့် ဌာနဆိုင်ရာများက ရွှေ့ပြောင်းရမည့် လေယာဉ်ကွင်းအနီး ပင်လုံရပ်ကွက်မှ နေအိမ်များအတွက် အစားပြန်ပေးရန် မြေ နေရာများကို လာရောက် ကြည့်ရှူခဲ့သည်ဟု တောင်သူများက ဆိုသည်။

ဘိုးဘွားပိုင် လယ်မြေများ ဖြစ်ခြင်း၊ ကြက်သွန်၊ နေကြာ၊ မြေပဲ၊ စပါး တို့ကို တနှစ်လုံး စိုက်ပျိုးကြသည့် အဆိုပါ လယ်မြေ များမှာ အထွက်နှုန်းကောင်းခြင်းတို့ကြောင့် တောင်သူများက မရောင်းချလို၊ မပြောင်းလိုကြဟု ဆိုသည်။

“ဒီလယ်တွေက ကာလတန်ကြေး တဧက ကျပ် သိန်း ၄၀ လောက်ပေါက်နေတာကို အခုက တဧက ၁၀သိန်းနဲ့ အိမ်မြေ နေရာ အတွက် ပေ ၄၀x၆၀ တကွက်ပေးမယ်ပေါ့၊ ကျမတို့က လယ်ပဲ လုပ်တတ်တော့ ပြန်ဝယ်မယ်ဆိုရင် ဒီဈေးနဲ့ မရဘူးလေ၊ ပေါက်ဈေးအတိုင်း ပေးရင်တော့ တမျိုးပေါ့”ဟု တောင်သူတဦးက ပြောသည်။

လယ် နှစ်ဧကစီသာ ပိုင်သော တောင်သူနှစ်ဦးက အာဏာပိုင်များ ပေးသည့်ဈေးနှင့် သဘောတူညီ၍ လယ်များရောင်းချ လိုက်ပြီးနောက် လယ်ကွက်များကိုဖြတ်၍ လမ်းများလာရောက်ဖောက်လုပ်သွားသည်ဟု သူက ဆိုသည်။

သူကဆက်၍“ကျမတို့ ဧကများတဲ့သူတွေဆီက ဘာမှသဘောတူညီမှု မလုပ်သေးဘဲနဲ့ အဲ့ဒီလို လာလုပ်တာတော့ မတရား ဘူးပေါ့၊ ကျမတို့ကတော့ တရားမျှတတာကိုပဲ လိုချင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။

တောင်သူများက ဘိုးဘွားပိုင် လယ်မြေများကို မရောင်းချလိုကြောင်းနှင့် အာဏာပိုင်များက ၀ယ်လိုပါက ကာလပေါက်ဈေး ဖြင့်သာ ပေးချေစေလိုကြောင်း ပန်ကြားစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နေပြည်တော်ရှိ ပြည်ထဲရေးရုံး၊ တိုင်းရုံးများအထိ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့  ရွှေဂုံတိုင်အထူးကုဆေးရုံ(SSC)မှာဖြစ်သွားခဲ့တဲ့ဖြစ်ရပ်မျိုးယခုကန္တလေးပြည်သူ့ဆေးရုံကြီးမှာ

0 comments
ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံ(SSမှာဖြစ်သွားခဲ့တဲ့ဖြစ်ရပ်မျိုးယခုကန္တလေးပြည်သူ့ဆေးရုံကြီးမှာထပ်ပြီးဖြစ်သွားပြန်ပြီဆိုတဲ့သ
တင်းဆိုးတခုကိုထိပ်လန့်စွာကြားသိခဲ့ရပါတယ်အခြေအနေကောင်းနေပြီဖြစ်တဲ့လူနာတယောက်ကိုရုပ်အားဖြင့်ရော၊စိတ်အားဖြင့်ပါနာ
ကျင်ထိခိုက်အောင်ဆူပူဟိန်းဟောက်ရုံမကပဲမှားယွင်းစွာကုသခြင်း ၊အကြင်နာမဲ့စွာလျစ်လျူရူမူတွေ
နှင့်မောက်မာရိုင်းစိုင်းစွာပြောဆိုခြင်းစတဲ့ဆရာန်မပီသတဲ့လုပ်ရပ်တွေကြောင့်နောက်ဆုံးမှာမသေသင့်ပဲသေဆုံးသွားရသည်အထိဖြစ်ခဲ့ရတဲ့အတွက်ကျန်ရစ်တဲ့မိသားစုမှာအလွန်ပင်ထိခိုက်နာကျင်စွာခံစားနေကြရပြီးသက်ဆိုင်ရာများသို့တိုင်ကြားခဲ့ကြတယ်ဆိုတဲ့သတင်းတရပ်ကိုကြားသိခဲ့ရပါတယ်
မိမိတို့ကဲ့သို့နောက်နောင်လူနာများလည်းအခုလိုမှားယွင်းစွာမတရားမခံစားကြရစေဘို့အတွက်သက်ဆိုင်ရာကိုတင်ပြတိုင်ကြားခဲ့တဲ့အကြောင်းတခတော့ဒီလိုပါ။ရန်ကုန်မြို့  ရွှေဂုံတိုင်အထူးကုဆေးရုံ(SSC)မှာဖြစ်သွားခဲ့တဲ့ဖြစ်ရပ်မျိုးယခုကန္တလေးပြည်သူ့ဆေးရုံကြီးမှာထပ်ပြီး...

 

ဘားမားကမ်းပိန်း

 
BCJP Burmese Site Design by Phyo Wai Htun ( Head of News department.