အရှင်သောပါကသည် ထိုင်းနိုင်ငံနယ်စပ်တွင်ရောက်ရှိနေသာ မြန်မာများရဲ့အမှိုက်ပုံထဲကဘ၀တွေကို စာနာသနားကာ သွားရောက်ကူညီအားပေးနေကြောင်းသိရသည်။ အမှိုက်ပုံတွေထဲတွင် ယင်ကောင်တွေ၊ ရောဂါပိုးပေါင်းစုံရှိသည့်ကြားမှ ကိုယ့်မိသားစုဝမ်းရေးအတွက် recycle ပစ္စည်းများကို စုဆောင်းကာ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေဝမ်းကြောင်းပြုနေရပါသည်။ အဲဒီကြားထဲကမှ မကြာခဏဆိုသလို ရဲအဖွဲ့က ဝင်ရောက်ဖမ်းဆီးတက်သေးကြောင်း ထိုနယ်စပ်တွင်နေထိုင်နေသူ တစ်ဦးမှပြောပါသည်။ အထူးသဖြင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး နှင့် ၄င်းတို့ရဲ့အနာဂတ်သည် အထူးစိုးရိမ်စရာကောင်းလှပါသည်။ စာဖတ်ပရိတ်သတ်များ ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပါက ထိုမြန်မာလူမျိုးများအား သွားရောက်ကူညီပေးလိမ့်မည်ဟု စာရေးသူယုံကြည်မိသည်။
Saturday, September 12, 2009
Subscribe to:
Post Comments (Atom)
1 comments:
ကျွန်တော်တို့ မြန်မာတွေ နိုင်ငံအတွင်းမှာ သုံးဖြုန်းမကုန်နိုင်အောင် မိဘဘိုးဘွားအမွေအနှစ်တွေ၊ သယံဇာတတွေပေါများနေပါလျက်နဲ့...အခုလိုသူတပါးနိုင်ငံမှာ ခွေးသာသာ အသက်ရှင်နေရကြရတာ ရင်နာမဆုံးပါ။ တစ်နေ့ကျရင်တော့ နေရာမှန်၊ ဘ၀မှန်တွေကို ပြန်ရောက်ရှိဖို့ ဘ၀တွေရင်းပြီးတိုက်ပွဲဝင်နေပါတယ်ဗျာ။ နိုင်ငံတွင်းမှာ အုပ်ချူပ်နေတဲ့ ခွေးမျိုးတွေ မြန်မြန် ဇာတ်သိမ်းပါစေဗျာ။
Post a Comment