Wednesday, April 28, 2010

အင်တာနက်ဆိုင်က အမျိုးသမီး ဝန်ထမ်းကို သတိ ရှိကြဖို့

အခုရက်ပိုင်း အတွင်း မြန်မာပြည်မှ အင်တာနက် ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက် ရေးရာ အထူး လုံခြုံရေး အဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်း ပုံစံဖြင့် အမျိုးသမီး ငယ်များအား လာရောက် ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက် ဆိုင်ရှင် တစ်ဦးမှ ဆက်သွယ် ပြောဆို လာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆို ရာမှာတော့
လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီး ဝန်ထမ်းတွေပဲ ဆိုပြီး သိပ်ပြီး ဂရုမစိုက် ကြတဲ့ အတွက် အန္တရာယ် များကြောင်း .. စအဖမှ အင်တာနက် ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်း လာရောက် ထည့်ထားခြင်း ဖြစ်ကြောင်း ဆိုင်တော်တော် များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်း အတွင်း လာရောက် ထည့်သွင်း ထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင် များလည်း စိတ်ညစ် နေရကြောင်း
ဒီသတင်းကို ဆက်လက် ဖြန့်ဝေ ပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။

0 comments:

Post a Comment

ဘားမားကမ်းပိန်း

 
BCJP Burmese Site Design by Phyo Wai Htun ( Head of News department.