
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန် |
တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ |
သတင်း၊ ဓါတ်ပုံ - မိုးမခအထောက်တော်
ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ UNHCR တို့ နှင့် ထိုင်းအစိုးရတို့ မှာ ဒုက္ခသည်များ၏ အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအပေါ် ငြင်းခံမှုများ ဖြစ်ပေါ်လာသည်။ ဒုက္ခသည်များ၏ အခွင့်အရေးဆိုသည်မှာ ဘာလဲ ဆိုသည့် ငြင်းခံမှုများ ဖြစ်ပေါ်နေချိန်တွင် ယခု မတ်လအတွင်း မြန်မာနိုင်ငံ အရှေ့ဘက်မှ စစ်ဘေးဒါဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အသက် ၃၅ နှစ်အရွယ်ရှိ မီးမယ်က “ကျမ ယောင်္ကျားကို နအဖ စစ်သားတွေက သတ်ခဲ့တယ်။ ရွာတွေလည်း ဖျက်ဆီးခံလိုက်ရတယ်။ လယ်ယာတွေကိုလည်း စွန့်လွတ်လိုက်ရတယ်။ ကျမမှာ ရွေးချယ်စရာလမ်း မရှိတော့ပါဘူး။ ကျမ ကလေးတွေရဲ့ ဘဝလုံခြုံရေးတွေ အတွက်ကြောင့် ဒီနယ်စပ်ကို ထွက်လာရတာပါ” ဟု ပြောဆိုပါသည်။
မလေးရှား UNHCR က ဗမာလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ဗမာတွေကို UNHCR စာရင်းပေးသွင်းခွင့်မရတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။
UNHCR Registration အရာရှိက “ ငါတို့မင်းတို့အဖွဲ့ဝင်စာရင်းကို မလေးရှား Immigration(လူဝင်မှုကြီးကြပ် ရေး) ဌာနကို ပေးပို့ထားတယ်လို့ ” ကျနော့်ကိုပြောတယ်။ UNHCR လိုအဖွဲ့အစည်းမှာ ဒုက္ခသည်အဖြစ်လျှောက် ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မလေးရှားအာဏာပိုင်တွေကို ပေးပို့လိုက်တာဟာ ဗမာလူမျိုး ဒုက္ခသည်တွေ သက်သက်ဖမ်းဆီးထောင်ချစေဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုဖြစ်နေတယ်။ ပြီးတော့ ယုံ ကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာလေ။
ပေးပို့ပေးသူ - ခမိခဆဲ http://kamikaze-2010.blogspot.com
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း
ဧရာဝတီ သတင်းဌာန
သတင်း - Freedom News Group
ORG Domain ၀က်ဘ်ဆိုဒ်အား ပြန်လည် ပြင်ဆင်နေတာကြောင့် လောလောဆယ်တွင် http://photayokeking.blogspot.com မှာ သတင်းနဲ့ ဆောင်းပါးများ ပြောင်းလဲတင်ပြသွားမှာ ဖြစ်ကြောင်း အကြောင်းကြား အသိပေး အပ်ပါတယ် ခင်ဗျား။
http://photayokeking.blogspot.com/2010/05/org.html
မီးလောင်ကျွမ်းမှု အား ည ၈ နာရီခန့် ကတွေ့ ရစဉ် ဓာတ်ပုံ - ရိုက်တာ
ဆယ်ခန့် က တာမွေ အိုးစု နှင့် မြောက်ဥက္ကလာ နှစ် ရက်ဆက် တိုက် မီးလောင်မှု များသည် နာရီ ခြောက်ဆယ်
ကျော် ထိ ကျွမ်းလောင်ခဲ့သည် ။
ရန်ကုန် မြို့ မှ အမည် မဖော် လို သော မီးသတ် ၀န်ထမ်း တစ်ဦးက “ကျွန်တော် တို့ ကောင်းကောင်း အချိန်ရတယ် ၊သေချာ ငြိမ်း နိုင်တယ် ၊ဒါပေမယ့် ဒီနွေ ထဲ လောင်ခဲ့သမျှ မီးတွေ မှာ သေချာ ငြိမ်း နိုင်းတယ်ဆိုပြီး ပေါ့ လိုက် လို့  အခု လို ဖြစ်သွား တာ “ဟု Freedom News Group သို့ ပြောသည်။
လွန်ခဲ့သည့် မတ်လ က သိမ်ကြီးဈေး ဒီ ရုံတွင် မီး လောင်မှု ဖြစ်ပွားစဉ် မီးသတ် သမားများ က အောင်မြင်
စွာ ငြိမ်းသတ် နိုင် သောကြောင့် ထို ဈေးများ မီးလောင်မှု အရေးပေါ်မီးသတ် အဖွဲ့ က ပင် အောင်မြင်စွာငြိမ်း
သတ် နိုင်မည် ဟု ယူဆခဲ့ခြင်းဖြစ်သည် ဟု သိရသည်။
အမည် မဖော် လို သည့် ထိုမီးသတ် က ကျွန်တော် တို့  မီးကို မပြန့် အောင်တော့ ကောင်းကောင်း ထိန်း နိုင်ခဲ့
ပါတယ်..တကယ် လို့ မီးသတ် ၀န် ထမ်း တွေ သာ မကျွမ်းကျင် ခဲ့ရင် အနားမှာ ရှိတဲ့ ကနေရီ ဓာတ်အား ခွဲရုံတို့  မင်္ဂလာတောင်ညွှန့် လျှပ် စစ်ရုံး တို့ မီးထဲ့ပါ ကုန်ပြီး တစ်မြို့ လုံး မီးလောင်တိုက် သွင်း သလို ဖြစ်သွားလိမ့်မယ် “ဟု ဆိုသည်။
မနက် ကတည်းက လောင်နေသည့် မီးမှာ ညနေခြောက်နာရီ ကျော်တွင် ကျန်ရှိ နေသည့် ဂက်(စ်) အိုးများ ပေါက် ကွဲမှု ကြောင့် လောင်ကျွမ်းမှု ထပ်မံ အရှိန်မြင့် ခဲ့ရာ ည ၁၁ နာရီကျော်မှာ ည ၁ နာရီ ထိ ရန်ကုန် တစ်မြို့ လုံး အနှံ သဲ သဲမဲမဲ ရွာချသည့် မိုးကြောင့် မီးလောင်မှု အား အရှိန် ည နှစ် နာရီ ခန့် တွင် လျှော့ ကျခဲ့သည်။
ယခု မီးလောင် မှု တွင် အဓိက တာဝန် ရှိသူမှာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနဖြစ်
သည် ဟု မင်္ဂလာ ဈေးသား တစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းမှု ကြောင့် ဆုံးရှုံးမှု များဖြင့် ရင်ဆိုင်ခဲ့ရငည် မင်္ဂလာ ဈေးသူ ၊ ဈေးသား များအနေဖြင့် ထိုကိစ္စ အား အဖြစ်မှန် ဆက်လက် စုံစမ်းဖော်ထုတ် ပေးရန် နှင့် နစ်နာ မှု များ အတွက် တာဝန် ရှိ သည့် အဖွဲ့ များက လျှော်ကြေးငွေ များ ပြန်လည် ပေးအပ် ရန် မြို့ တော်ဝန်
ဗိုလ်မှုးချုပ် အောင်သိန်းလင်း နှင့် ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ တို့ ဆီ စာရေး တင်ပြမည် ဟု သတင်းရရှိသည်။
ရန်ကုန်မြို့ ၏ ဒုတိယ အကြီးဆုံး မင်္ဂလာဈေး မီးလောင်မှု ကြောင့် မြန်မာ နိုင်ငံ၏ ကုန်စည် ဈေးကွက် တွင်
ဈေးတက်မှု များ ရှိလာနိုင် ပြီး အိမ်သုံးဆေးဝါး ဈေးကွက်မှာ ပျက်စီးလု နီးပါး ရှိ နိုင်သည် ။
မီးလောင်ပြီး နောက် တစ်ရက် ဆန်ဈေး ၊ဆီဈေး နှင့် အခြေခံ စားသောက် ကုန် ဈေးများ အနည်းငယ် မြင့်တက်
သွားသည် ဟု သတိရရှိသည် ။ အချို မှုန့် နှင့် တစ်လီတာ ၀င် စားသုံးဆီ ဈေးမှာ မူ ဆက်လက် တက်ဖွယ်ရှိသည်။
ပုဇွန်တောင် ဈေး ဗိုလ်ချုပ် ဈေး၊ ညောင်ပင် လေးဈေး နှင့် ယုဇန ပလာ မှ ဆိုင်ခန်း များ မှာ ယနေ့ ဖွင့် လှစ်ကြခြင်း မရှိဘဲ အဖိုးတန် ပစ္စည်းများ အား လာရောက် သိမ်း ဆည်းကြသောကြောင့် ယခု ကဲ့ သို့ ဈေးတက်သွားခြင်း ဖြစ်သည် ညောင် ပင် လေးဈေး မှ ကုန်သည် တစ်ဦး ဖြစ်သူ ဒေါ်ဝင်း က ပြောသည်။
မင်္ဂလာ ဈေးမှ ရန်ကုန် နှင့် အောက်မြန်မာ နိုင်ငံ သို့ ဖြန့် ဖြူးရ အဓိက ကုန်စည် ဒိုင် တစ်ခု ဖြစ်ပြီး ဆိုင်ခန်းပေါင်း
လေးထောင် ကျော်ရှိသည်။ မင်္ဂလာ ဈေးရှိ ဆိုင်ခန်း များ မှာ လူကြိုက်များ ပြီး ဈေးနှုန်း မြင့်မား မှု ကြောင့် ဈေးများ
ဌာန မှ အလယ်လမ်း တစ်လျှောက် တွင် နေရာလွတ် ဆိုင် ခန်းများ အား တစ်နေရာ လျှင် ငါးသိန်း နှင့် ထပ်မံ ချ
ထားပေးသည်။
Freedom News Group