Friday, May 28, 2010

မိုးရာသီအ၀င် ရန်ကုန်လမ်းမများ ရေကြီးနေပြန်ပြီ (မိုးမခအထောက်တော်)

ရန်ကုန်။ ဓာတ်ပုံသတင်း
မေ ၂၉၊ ၂၀၁၀
` ရန်ကုန်မြို့တွင် ယနေ့မွန်းလွဲပိုင်း ၂နာရီဝန်းကျင်မှ စတင်ရွာသွန်းပြီး ရုံးဆင်းချိန်တိုင် ၂နာရီကျော်ရွာသွန်းသည့် မိုးကြောင့် လမ်းများတွင် ရေလျှံပြီး ဒူးဆစ်ထိမြုပ်သည့် ရေထဲတွင် မောင်းနှင်နေကြသည့် နှစ်ကြာဟောင်းအိုနေသည့် ကိုယ်ပိုင်နှင့် တက်စီကားများ ထိုးရပ်ကုန်ပြီး လမ်းများပိတ်ဆို့ကာ လိုင်းကားများ ပြေးဆွဲမှု လျော့နည်းသွားခြင်း၊ ရေကြီးမှုကြောင့် ဆိုးရွားစွာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ကာ အလုပ်ပြန်၊ ရုံးပြန်များ အိမ်ပြန်ရန် အခက်အခဲ ကြုံတွေ့ခဲ့ရသည်။
ကျဲပါးသွားသည့် ဘတ်စကားကို စောင့်နေသည့် ခရီးသည်များ
ရန်ကုန် မြို့တော် စည်ပင်သာယာမှ ပြီးခဲ့သည့် လများအတွင်းက မြောင်းများ ချဲ့ထွင်ခြင်း ပြုလုပ်ခဲ့သော်လည်း ယခုမိုးရာသီပထမဆုံး သည်းထန်သည့်မိုး အစတွင်ပင် ရန်ကုန်လမ်းများ ရေကြီးနေသည်ကို တွေ့ရှိရသည်။ ရေမြောင်းဖုံးများ မလုံခြုံမှုကြောင့် ယခုလို ရေကြီးသည့်အခါ မြောင်းပေါက်ကျွံကျမည့် အန္တရာယ်နှင့်လည်း ကြုံတွေ့ကြရပြီး အမှိုက်သိမ်းစနစ် ညံ့ဖျင်းခြင်း၊ ရေမြောင်းများ အဖုံးမရှိသဖြင့် အမှိုက်ကျဆင်းပြီး ပိတ်ဆို့ခြင်း တို့ကြောင့် နှစ်စဉ်ဖြစ်နေကျ ရေကြီးရခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ဆိုကြသည်။
ဖိနပ်ချွတ်ကာ လက်ထဲတွင် ကိုင်ထားပြီး ကားစောင့်နေသည့် မိန်းမငယ်
မိုးကြီး ရေလျှံမှုကြောင့် ရေထဲ နစ်မြုပ်ခံကာ ကားစောင့်နေကြသည့်ခရီးသည်များ
ရေမြုပ်နေသည့် မဟာ ဗန္ဓုလလမ်းမ တနေရာ
ရေကြီး ကားကျပ်နေသည့် အနော်ရထာလမ်းမ တနေရာ
သတင်း၊ ဓါတ်ပုံ - မိုးမခအထောက်တော်

0 comments:

Post a Comment

ဘားမားကမ်းပိန်း

 
BCJP Burmese Site Design by Phyo Wai Htun ( Head of News department.